|
|
Select Your Language   |
2010 September 5 Sunday 11:10 PM
|
|
|
| Go TV Channel Your Select |
|
|
|
|
|
|
Since 30.1.07 You are Visitors [ 1334049 ] |
|
| News |
ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် MRTV-4(Free
To Air) ရုပ်သံလိုင်းကို ရိုးရိုး VHF တီဗွီအင်တင်နာဖြင့် ပြောင်းလဲဖမ်းယူ
ကြည့်ရှုနိုင််ပြီ
ြပန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြားသည် MRTV-4(Free To Air) ရုပ်သံလိုင်းကို ရန်ကုန်မြို့ နှင့် အနီးတစ်ဝိုက်တွင် ထုတ်လွှင့်ပေးလျက်ရှိရာ ယခုအခါ ကြည့်ရှုသူများ အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် VHF စနစ်ဖြင့် VHF Channel(11) မှ ပြောင်းလဲ ထုတ်လွှင့်ပေးမည် ဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့ နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် MRTV-4 (Free To Air) ရုပ်သံလိုင်းကို (၁.၄.၂၀၀၉)စ၍ မိမိတို့အိမ်ရှိ ရိုးရိုး VHF တီဗွီအင်တင်နာ အသုံးပြု၍ ရုပ်သံကြည်လင်စွာ အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
|
MRTV-4 ကို ရန်ကုန်မြို့နှင့်အနီးတ၀ိုက်တွင်
Free to Air စနစ်ဖြင့် ထုတ်လွှင့်
MRTV-4 ကို ရန်ကုန်မြို့နှင့်အနီးတ၀ိုက်တွင် Free to Air စနစ်ဖြင့် ထုတ်လွှင့်မည်
ဖြစ်ြပီးDigital ရုပ်သံဖမ်းစက်ဖြင့် လက်ရှိဖမ်းယူ ကြည့်ရှုနေရသော MRTV-4
ရုပ်သံလိုင်းကို ၁၅-၁၂-၂၀၀၆ မှစတင်၍ ရန်ကုန်မြို့နှင့် အနီးတ၀ိုက်တွင် Free
to Air စနစ်ဖြင့် စတင်ထုတ်လွှင့်ေနပါသည်။ အများပြည်သူများ အနေဖြင့် UHF Channel
16 ကို လက်ရှိကြည့်ရှုနေသော TVများဖြင့် အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်မည်
ဖြစ်ပါသည်။ထိုသို့ ဖမ်းယူကြည့်ရှုရာတွင် MRTV-4 ရုပ်သံ(၁)လိုင်းတည်းသာ ဖမ်းယူကြည့်ရှုနိုင်ပြီး
အခြားသော အခပေးလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်မည် မဟုတ်ပါ။ကျန်ရှိသော
မြို့ကြီးများတွင်လည်း MRTV-4 ကို ရန်ကုန်မြို့နည်းတူ ဖမ်းယူကြည့်ရှုနိုင်ရန်
အတွက်လည်း ထပ်မံတိုးချဲ့ ထုတ်လွှင့်ေနပါသည်။ |
ရန်ကုန်မြို့ ၆၅ မိုင်ဝန်းကျင်အထိ MRTV -4 ဖမ်းယူကြည့်ရှုနိုင်ပြီ
ရန်ကုန်မြို့နှင့် မိုင် ၅၀ မှ ၆၅မိုင်ခန့် အကွာအဝေးရှိသော
မြို့နယ်၊ ကျေးရွာများအထိ MRTV -4 နှင့် ဆက်စပ်ရုပ်သံလိုင်း၂၁ လိုင်းကို
ကြည်ရှုနိုင်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့် ချိန်ညှိမှုကို
ပြုလုပ်ပီးဖြစ်ရာ ဖေဖော်ဝါရီ ၁၀ ရက်မှ စ၍မြန်မာ့အသံမှ ထုတ်လွှင့်ပြသ နေပြီဖြစ်ကြောင်းသိရသည်။
ယခင်က Premium Group (5 Channels) ဖြစ်သော MRTV, MRTV-4 , 5 Movies, 5 Cartoons,
Star Sport, 5 Series, ESPN နှင့်Internationalဆက်စပ်ရုပ်သံလိုင်းများဖြစ်ကြေသာ
CNN, Star Movies, Star World, Discovery, National Geographic, Adventure
One, MTV, Euro Sport Channel [V], Animal Planet အပါအဝင် Cartoon Network
နှင့် Discovery Travel & Living ရုပ်သံလိုင်းများကို ရန်ကုန်မြို့တွင်းသာ
ကြည့်ရှုခွင့်ရရှိခဲ့ကြေသာ်လည်း ယခုအခါ ယင်းရုပ်သံလိုင်း ၂၁လိုင်းကို ရန်ကုန်မြို့အပါအဝင်
ရန်ကုန်မြို့နှင့် ၆၅မိုင်ခန့်ကွာဝေးသော မြို့နယ်၊ ကျေးရွာများမှ ကြည့်ရှုနိုင်ပြီဟုသိရသည်။
"မြန်မာ့အသံက ထုတ်လွှင့်နေတဲ့ MRTV-4 နဲ့ ဆက်စပ်ရုပ်သံလိုင်းတွေကို ယခင်က
ရန်ကုန်တစ်မြို့တည်းသာ ကြည့်ရှုလို့ရခဲ့ပါတယ်။ ဒီလိုကြည့်ရှုရာမှာလဲ အခမဲ့
စနစ်နဲ့ အခကြေးငွေစနစ်ဆိုပြီး စနစ်နှစ်မျုိးနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
အခမဲ့လွှင့်နေ တဲ့ စနစ်ကိုတော့ MRTV-4 က ဖမ်းယူလို့ရတဲ့ အင်တာနာတွေ ဝယ်ယူရုံနဲ့
ကြည့်ရှုနိုင်ပါတယ်။ အခကြေးငွေနဲ့ ပြသနေတဲ့ International လိုင်းတွေကိုတော့
ကတ်စနစ်နဲ့ပြသခဲ့ပြီး မိမိ နှစ်သက်ရာလိုင်းတစ်လိုင်းချင်းကိုလဲ တစ်လလျှင်
ကျပ် ၂၀၀ဝနှုန်းနဲ့ရောင်းချပြီးပြသခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ထုတ်လွှင့်စက်ရုံကနေ ရန်ကုန်မြို့ အပါအဝင် ရန်ကုန်မြို့နဲ့
မိုင် ၅ဝမှ ၆၅မိုင်ခန့်ကွာဝေးတဲ့ နေရာဒေသတွေမှာလဲဒီ ရုပ်သံလိုင်းတွေကို ကြည့်ရှုခွင့်ရရှိအောင်
နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်ခဲ့တာ ယခုပြီးစီးခဲ့ပြီဖြစ်တဲ့အတွက်
ဒီရုပ်သံလိုင်း ၂၁လိုင်းကို နယ်တွေကပါ ကြည့်ရှုခွင့်ရရှိနိုင်ပါပြီ’’ဟု တာဝန်ရှိသူတစ်ဦးက
ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။ယင်းရုပ်သံလိုင်း ၂၁လိုင်းကို ကတ်စနစ်ဖြင့်
မကြည့်ရှုလိုသော ပြည်သူများအနေဖြင့်လည်း မြန်မာ့အသံမှ အခမဲ့ထုတ်လွှင့်ပြသနေသော
ရုပ်သံလိုင်းများကို ယခင်က ရန်ကုန်ဧရိယာ အတွင်းတွင် ထောက်ကြန့်အထိသာ ကြည့်ရှုခွင့်ရရှိခဲ့သော်လည်း
ယခုအခါ တိုက်ကြီးဧရိယာနှင့် ဧရာဝတီတိုင်းမှမြို့နယ်များအပါအဝင် သန်လျင်၊
ကျောက်တန်းနှင့် ဆက်စပ်မြို့နယ်၊ ကျေးရွာ များမှလည်း MRTV-4 Antenna ဖြင့်
လွယ်ကူစွာ အခမဲ့ ဖမ်းယူကြည့်ရှုနိုင်ပြီဟု သိရသည်။မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
မှထုတ်လွှင့်ပြသလျက်ရှိသော ရုပ်သံလိုင်းများကို ထုတ်လွှင့်ပေး နေသည့် စက်ပစ္စည်းများကိုလည်း
လွှင့်အားပိုမိုကောင်းမွန်စေရန်အတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ
၅ရက်မှ ၈ရက်အထိ ဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်မှုများကြောင့် MRTV-4 နှင့်
အချုိ့သော ဆက်စပ်ရုပ်သံလိုင်းများ ထုတ်လွှင့်မှုကို ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း
ဖေဖော်ဝါရီ ၃ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရသိရသည်။ယခုအခါ
ယင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမှာ ပြီးစီးခဲ့ပြီဖြစ်၍ MRTV-4 နှင့်
ဆက်စပ်ရုပ်သံလိုင်းများ အားလုံးအပါအဝင် MRTV-4 Free to Air ရုပ်သံလိုင်းတို့ကို
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် ပိုမိုကောင်းမွန်သော ရုပ်သံအရည်အသွေးဖြင့်ကြည်လင်ပြတ်သားစွာဖမ်းယူရရှိနိုင်ပြီဖြစ်ကြောင်း
သိရသည်။ |
|
|
Online User [
46
]
|
|
|