View Larger Map
Forever Group Co., Ltd.
Forever Group Co., Ltd.ကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံး လုပ်ငန်းမှာ ကွန်ပျူတာဂရပ်ဖစ်နည်းပညာဖြင့် ရုပ်မြင်သံကြား ကြေငြာများကို ဖန်တီးခြင်းဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ကွန်ပျူတာ ဂရပ်ဖစ်သင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး ယင်းသင်တန်းမှ ဂရပ်ဖစ်ပညာရှင်များ၊ ပုံနှိပ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ရုပ်သံတည်းဖြတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကွန်ပျူတာ နည်းပညာ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းလမ်း ညွှန်စီဒီရွမ်နှင့် မြန်မာ့စွယ်စုံကျမ်းစီဒီရွမ်ကို ထုတ်လုပ်နိုင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အနုပညာကွန်ပျူတာဒီပလိုမာ သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး မာလ်တီမီဒီယာ လုပ်ငန်းများအတွက် ယင်းသင်တန်းမှဒီပလိုမာ ရရှိသူများ မွေးထုတ်ပေးခဲ့သည်။
၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အီလက်ထရောနစ် ပညာရေးစနစ် (e-eduction) ကို ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင် နေ့စဉ်ထုတ်သတင်းစာများအား နယ်မြို့များတွင် ထုတ်ဝေရန်အတွက် One Way Data Broadcasting နည်းပညာ အသုံးပြု၍ Electronic ဖိုင်များကို ကိုယ်ပွား သတင်းစာတိုက်များသို့ ပေးပို့နိုင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မြန်မာအီးဘုတ်လုပ်ငန်း ကိုစတင်နိုင်ခဲ့ပြီး မေလတွင် www.foreverspace.com.mm ကို စတင်လွှင့် တင်ခဲ့သည်။
၂၀၀၄ ခုနှစ် မေလတွင် MRTV-4 ရုပ်သံ လိုင်းကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့် ပူးပေါင်း၍ စတင်ထုတ်လွှင့်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား (Pay TV) ထုတ်လွှင့်ခြင်းစနစ်စတင်ခဲ့ပြီး 5 Movies, 5 Series စသည့် ရုပ်သံလိုင်းသစ်များကို ထုတ်လွှင့်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် MRTV-4 International အဖြစ် ကမ္ဘာကျော် ရုပ်သံလိုင်းများဖြစ်သည် Star World, Star Movie စသည့် ရုပ်သံလိုင်း ၁၄ လိုင်းကို ထုတ်လွှင့်ခဲ့သည်။
၂၀၀၈ ခုနှစ် တွင် Mandalay FM ရန်ကုန် နှင့် မန္တလေးမြို့များသို့ စတင်ထုတ်လွှင့်ခဲ့သည်။
ရန်ကုန် -မန္တလေး ကားလမ်းတစ်လျှောက်ရှိ မြို့ငယ်များတွင် ဖမ်းယူနားဆင်နိုင်သည်။
၂၀၁၀ ပြည့်နှစ်တွင် 4 Digital Channel များအဖြစ် For Info, For Edu, For Sports, For Choice, For Tunes, For Comedy နှင့် For AD အစရှိသောရုပ်သံလိုင်းသစ်များကို ထုတ်လွှင့်ခဲ့သည်။
ယခုအခါ အဆင့်မီံ HD (High Definition) စနစ်ဖြင့် ပြသနိုင်ရန် အစီအစဉ်များအားလုံးကို ရိုက်ကူးရေးမှ စ၍ HD Camera နှင့် ESPN HD, Star Movie HD, Star World HD, NGC HD, History HD ရုပ်သံလိုင်းတို့ကို အောင်မြင်စွာ စတင်စမ်းသပ်ထုတ်လွှင့်နေပြီ ဖြစ်သည်။
Myanmar Media Training Center (MMTC) နှင့် AIBD (Asia-Pacific Institute of Brodcast Development) ပူးပေါင်း၍ ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ပြီး MRTV, MRTV-4, နှင့် FM Radio Station များအတွက် Media ပညာရပ်ဆိုင်ရာ လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ပြီး ပြင်ပမှ စိတ်ဝင်စားသူများအား ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။