Processing...

Forgot your password?

34 °C - 15 °C
Nay Pyi Taw
36 °C - 20 °C
Yangon
33 °C - 18 °C
Mandalay
23 February 2012, Thursday
.: ကုန်ပစ္စည်းအတုများကို ဈေးကွက်အတွင်း လိုက်လံ စစ်ဆေးသွားရန်ရှိ
Updated : 27 Jan, 2012

ဈေးကွက်အတွင်း ကုန်ပစ္စည်းအတု ပေါ်ထွက်မှုတွေ ရှိနေတဲ့အတွက် စစ်ဆေး အရေးယူနိုင်ဖို့ အတွက် ဥပဒေရေးဆွဲလျက်ရှိကာ လွှတ်တော်ကိုတင်ပြနိုင်ဖို့ စီစဉ်ကြိုးပမ်းနေပြီ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာတာ ၀န်ရှိသူတွေက အသေးစိတ်စစ်ဆေးကာ အရေးယူဆောင်ရွက် နိုင်ဖို့အတွက် ဥပဒေရေးဆွဲထားကာ အခုကျင်းပမယ့် တတိယအကြိမ်လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အရက်တု ထုတ်လုပ်မှုတွေဟာ ပြည်တွင်းကနေပဲ ထုတ်လုပ်ကာ ဖြန့်ဖြူးနေတာ ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ကလည်း အတုကို ၀ယ်ယူသုံးစွဲမှု ကြာမြင့်လာတဲ့ အတွက်ပစ္စည်း အစစ်ကိုတောင် မသိရှိတော့ဘဲ ပစ္စည်းအတု သုံးစွဲမှုကျယ်ပြန့်နေတာ ဖြစ်တယ် လို့ သိရပါတယ်။ အခုအခါ ဈေးကွက် အတွင်း အရက်တု၊ ဆေး ၀ါးတုနဲ့ စိုက်ပျိုးရေး သုံး ဆေးအတုတွေပါဝင် ရောက်နေပြီး သုံးစွဲသူတွေအတွက် ကျန်း မာရေးအရ ထိခိုက်မှုတွေ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေကြုံတွေ့နေ ရတာ ဖြစ်ပါတယ်။

ဒီလို အတုပေါ်ထွက်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ တိုင်းဒေသကြီးမှာ အများဆုံးတွေ့ရှိနေတာ ဖြစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီး မှာလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ပစ္စည်းတုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူ ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေအပြင် ဈေးဝယ် စင်တာတွေက တာဝန်ရှိသူတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒီလို စစ်ဆေးအရေး ယူမှုတွေကိုလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူတွေက ပူးပေါင်းဆောင် ရွက်မှာ ဖြစ်ပြီး ဥပဒေထွက်ရှိလာတာနဲ့ တပြိုင်နက် စစ်ဆေးအရေးယူမှုတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ် တယ်လို့ သတင်းရရှိပါတယ်။



Broadcasted : 23 Feb, 2012
Tags : business

Comments

.: Post Your Comment
Log in or Register

.: Related News

back to News Home »