၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ရဲ့ ယနေ့ကာလအထိ ရေထွက် ပစ္စည်း ပြည်ပတင်ပို့မှုမှ ရရှိငွေဟာ ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်က အလားတူအချိန်ထက် ပိုမိုတိုးတက်လာတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနခွဲမှ တာဝန်ရှိ သူပြောကြားချက်အရ သိရပါတယ်။
အခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၁ ခုနှစ် ဧပြီလ ၁ရက်နေ့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၁ရက်နေ့အထိ ရေထွက်ပစ္စည်း
ပို့ကုန်ရရှိငွေဟာ အမေရိကန်ဒေါ်လာ ၄၉၂.၂၉၈သန်း ရရှိ ထားပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၀ခုနှစ် ဧပြီလ ၁ရက်နေ့မှ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၂၁ရက်နေ့အထိ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၄၅၃.၃သန်းသာ ရရှိခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယခု ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၃၈.၇၄သန်း ပိုမိုရနေတယ်လို့ သိရပါတယ်။
အဲ့ဒီလို ရေထွက်ပစ္စည်း ပို့ကုန်ရရှိငွေတိုးလာရတာဟာ ပို့ကုန်တင်ပို့မှု ပမာဏတိုးလာတာကြောင့် မဟုတ် ဘဲ ဈေးနှုန်းများ ပိုမိုရရှိလာ တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် ရေ ထွက်ပစ္စည်း ပို့ကုန်တင်ပို့မှုမှာ ၂၀၁၁ခုနှစ် ဧပြီလ ၁ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၂၁ရက်နေ့အထိ တန်ချိန် နှစ်သိန်း ကိုးသောင်းကျော် ရှိပြီး ၂၀၁၀-၂၀၁၁)ခုနှစ်က တင်ပို့မှုထက် တန်ချိန် တစ်သောင်းကျော် လျော့နည်းနေတယ်လို့ သတင်းရရှိပါတယ်။
