ဖူကူရှီးမား ဒိုင်အိချိ နှုကလိယ စက်ရုံ အနေဖြင့် ကောင်းစွာ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မည်သို့ပင် ဆိုစေကာမူ ဂျပန် အစိုးရမှာ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင် နိုင်ရန် အတွက် တိုကျိုမြို့နေလူထုအား အရေးပေါ် စွန့်ခွာနိုင်ရန် အတွက် အစီအစဉ် တစ်ရပ်ကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုလို စွန့်ခွာရေး အစီအစဉ်တွင် စုစုပေါင်း စာမျက်နှာ ၁၅ မျက်နှာ ပါရှိပြီး အရေးပေါ် အခြေအနေ ဖြစ်လာပါက မည်သို့ လုပ်ဆောင် ရမည်ကို ညွန်ကြား ထားသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာကို ဝန်ကြီးချုပ် နာအိုတိုကန်နှင့် ၎င်း၏ ထိပ်တန်း အကြံပေး အရာရှိများ ထံသို့ တင်ပြခြင်း ဖြစ်ကာ နှုကလိယ လောင်စာသုံး စက်ရုံမှ ဓါတ်ရောင်ခြည်များ ထွက်လာ ခဲ့ပါက မည်သို့ ပြုလုပ်မည်ကို တင်ပြ ထားခြင်းလည်း ဖြစ်သည်။ ယခုလို တင်ပြထားသည့် အစီအစဉ်တွင် တိုကျို၌ နေထိုင်သူများ အနေဖြင့် ယင်းဧရိယာမှ ၁၀၅ မိုင် အကွာသို့ ရွေ့ပြောင်းမည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
source : NY times
