ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လက်ရှိပြည်တွင်းမှာ ကျင့်သုံးကောက်ခံလျက်ရှိတဲ့ အခွန်အခများကို ခေတ်စနစ်နဲ့လျော်ညီအောင် ပြင်ဆင်ရေးဆွဲ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင် ရွက်နိုင်ဖို့အတွက် လက်ရှိ အခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး အဆိုပါ ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခွန်ဥပဒေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားပြီး ဖြစ်ပါတယ်။
အဆိုပါ တင်ပြထားတဲ့ အခွန်ဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းများနဲ့ အခြားသော လုပ်ငန်းများမှာ ကဏ္ဍာအလိုက် သက်ဆိုင်ရာ သင့်တင့်
တဲ့ နှုန်းထားများကို ပြင်ဆင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရခြင်းဟာ နိုင်ငံတော်ကသွားနေတဲ့ ခေတ်စနစ်နဲ့ လိုက်လျော ညီထွေမှုရှိ စေဖို့ အတွက် ပြင်ဆင်ကောက် ခံမှာ ဖြစ်ပါတယ်။
အခွန်ဆိုတာဟာ ၀င်ငွေရတဲ့ လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် မှာ ပေးသွင်းရ တာဖြစ်ပြီး အခဆိုတာကတော့ ဥပမာအားဖြင့် ဖုန်းဆက်ခြင်း၊ ခရီးသွားခြင်းနဲ့ အခြားသော ကိစ္စရပ်များ အတွက် ငွေပေးဆောင်ခြင်းနဲ့အတူ တူညီတဲ့အကျိုး ခံစားခွင့် ရရှိမှုများ အစရှိတာတွေဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အခွန်အခဆိုင်ရာ ကွဲပြားမှုတွေ ပညာရပ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိသဘောပေါက်နားလည်အောင် ပညာပေးမှု လုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
